ဖုန်းတွေ ကို ချိတ်ဆက်ပီး စပီကာတွေ အများ ကြီးနဲ့  သီချင်းဖွင့်ကြမယ်

AmpMe ဆိုတဲ့ အက်ပလီကေးရှင်းလေး ရှိရုံနဲ့၊ သင့်ဘော်ဒါ၊သူငယ်ချင်းတွေရဲ့ ဖုန်းတွေအကုန်လုံးကို ချိတ်ဆက်၊ sync လုပ်ကာ၊ စပီကာအကြီးစားတစ်လုံးအသွင် ပြောင်းလဲနိုင်ပြီဖြစ်ပါတယ်။
AmpMe အက်ပလီကေးရှင်းကို ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက စတင်ထုတ်ခဲ့တာဖြစ်ပြီး၊ ပထမတုန်းက အွန်လိုင်းနဲ့ပဲ အသုံးပြုလို့ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့၊ ‘Offline Mode’ ကို ထပ်မံထည့်သွင်းပေးလိုက်ပြီဖြစ်ပြီး၊ အင်တာနက်လိုင်းမရှိလည်း ဖုန်းတွေကို sync လုပ်ပြီး သီချင်းပြိုင်တူဖွင့်နိုင်ပြီဖြစ်ပါတယ်။
ဒီ့အပြင် ‘‘AmpMe’ ကို စတင် create လုပ်ထားတဲ့ Host ဟန်းဆက်ကို နောက်ထပ် ချိတ်ဆက်လာတဲ့ Guest ဖုန်းတွေက အလိုအလျောက် sync ချိန်ညှိနိုင်တဲ့စွမ်းဆောင်ရည်ပါ ပါဝင်လာတာကြောင့်၊ ဖုန်းတွေ အကုန်လုံး ချိတ်ဆက်တာပြီးတဲ့အထိ စောင့်နေစရာမလိုတော့ပါဘူး။
iOS နဲ့ Android ဖုန်း အမျိုးအစားမရွေး၊ အကုန်ချိတ်ဆက်နိုင်တဲ့ AmpMe အက်ပလီကေးရှင်းကို Play store မှာ တင်ပြီး၊ ငါးလမကြာခင်မှာပဲ ဒေါင်းလုဒ်ရယူတဲ့အကြိမ်ပေါင်း ၁.၅ သန်းကျော်ရှိခဲ့ပြီး၊ rating ကြယ်လေးပွင့် အထိ ရရှိခဲ့တယ်လို့ AmpMe တည်ထောင်သူ Martin-LucArchamabault က ပြောကြားခဲ့ပါတယ်။
AmpMe ကို အသုံးပြုဖို့အတွက် Host လုပ်မယ့်သူက Wi-Fi hotspot လွှင့်ပေးဖို့လိုပြီး၊ ကျန်တဲ့ဖုန်းတွေက Wi-Fi ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် AmpMe app ထဲဝင်ပြီး၊ Host ဖုန်းကနေ သီချင်းတစ်ပုဒ် ဖွင့်လိုက်ရုံနဲ့ ကျန်တဲ့ဖုန်းတွေမှာပါ၊ သီချင်းတစ်ပြိုင်တည်းထွက်ပေါ်လာမှာဖြစ်ပါတယ်။
AmpMe ရဲ့ sync လုပ်နိုင်တဲ့စွမ်းရည်ဟာ တော်တော်ကောင်းမွန်တာကြောင့်၊ Host ဖုန်းကို နောက်ဖုန်းတစ်လုံးက ဘယ်အချိန်လှမ်းချိတ်ချိတ် အသံက တညီတည်းထွက်နေတာကို တွေ့ရပါတယ်။ ဒီ့အပြင် ချိတ်ဆက်ထားတဲ့ဖုန်းတွေကို ပတ်လည်အသံပြေးစနစ်အသွင်ပါ ပြောင်းပေးတာကြောင့် တကယ့် ဂီတအရသာ အပြည့်ကို ခံစားနိုင်မှာဖြစ်ပါတယ်။
ဒေါင်းချင်ရင်တော့ အောက်ကလင့်ကို နှိပ်ပီးဒေါင်း ယူနိုင်ပါသည်





Playstore Link : DOWNLOAD

Download Link : DOWNLOAD