ဖုန်းတွေ ကို ချိတ်ဆက်ပီး စပီကာတွေ အများ ကြီးနဲ့  သီချင်းဖွင့်ကြမယ်

AmpMe ဆိုတဲ့ အက်ပလီကေးရှင်းလေး ရှိရုံနဲ့၊ သင့်ဘော်ဒါ၊သူငယ်ချင်းတွေရဲ့ ဖုန်းတွေအကုန်လုံးကို ချိတ်ဆက်၊ sync လုပ်ကာ၊ စပီကာအကြီးစားတစ်လုံးအသွင် ပြောင်းလဲနိုင်ပြီဖြစ်ပါတယ်။
AmpMe အက်ပလီကေးရှင်းကို ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက စတင်ထုတ်ခဲ့တာဖြစ်ပြီး၊ ပထမတုန်းက အွန်လိုင်းနဲ့ပဲ အသုံးပြုလို့ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့၊ ‘Offline Mode’ ကို ထပ်မံထည့်သွင်းပေးလိုက်ပြီဖြစ်ပြီး၊ အင်တာနက်လိုင်းမရှိလည်း ဖုန်းတွေကို sync လုပ်ပြီး သီချင်းပြိုင်တူဖွင့်နိုင်ပြီဖြစ်ပါတယ်။
ဒီ့အပြင် ‘‘AmpMe’ ကို စတင် create လုပ်ထားတဲ့ Host ဟန်းဆက်ကို နောက်ထပ် ချိတ်ဆက်လာတဲ့ Guest ဖုန်းတွေက အလိုအလျောက် sync ချိန်ညှိနိုင်တဲ့စွမ်းဆောင်ရည်ပါ ပါဝင်လာတာကြောင့်၊ ဖုန်းတွေ အကုန်လုံး ချိတ်ဆက်တာပြီးတဲ့အထိ စောင့်နေစရာမလိုတော့ပါဘူး။
iOS နဲ့ Android ဖုန်း အမျိုးအစားမရွေး၊ အကုန်ချိတ်ဆက်နိုင်တဲ့ AmpMe အက်ပလီကေးရှင်းကို Play store မှာ တင်ပြီး၊ ငါးလမကြာခင်မှာပဲ ဒေါင်းလုဒ်ရယူတဲ့အကြိမ်ပေါင်း ၁.၅ သန်းကျော်ရှိခဲ့ပြီး၊ rating ကြယ်လေးပွင့် အထိ ရရှိခဲ့တယ်လို့ AmpMe တည်ထောင်သူ Martin-LucArchamabault က ပြောကြားခဲ့ပါတယ်။
AmpMe ကို အသုံးပြုဖို့အတွက် Host လုပ်မယ့်သူက Wi-Fi hotspot လွှင့်ပေးဖို့လိုပြီး၊ ကျန်တဲ့ဖုန်းတွေက Wi-Fi ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် AmpMe app ထဲဝင်ပြီး၊ Host ဖုန်းကနေ သီချင်းတစ်ပုဒ် ဖွင့်လိုက်ရုံနဲ့ ကျန်တဲ့ဖုန်းတွေမှာပါ၊ သီချင်းတစ်ပြိုင်တည်းထွက်ပေါ်လာမှာဖြစ်ပါတယ်။
AmpMe ရဲ့ sync လုပ်နိုင်တဲ့စွမ်းရည်ဟာ တော်တော်ကောင်းမွန်တာကြောင့်၊ Host ဖုန်းကို နောက်ဖုန်းတစ်လုံးက ဘယ်အချိန်လှမ်းချိတ်ချိတ် အသံက တညီတည်းထွက်နေတာကို တွေ့ရပါတယ်။ ဒီ့အပြင် ချိတ်ဆက်ထားတဲ့ဖုန်းတွေကို ပတ်လည်အသံပြေးစနစ်အသွင်ပါ ပြောင်းပေးတာကြောင့် တကယ့် ဂီတအရသာ အပြည့်ကို ခံစားနိုင်မှာဖြစ်ပါတယ်။
ဒေါင်းချင်ရင်တော့ အောက်ကလင့်ကို နှိပ်ပီးဒေါင်း ယူနိုင်ပါသည်





Playstore Link : DOWNLOAD

Download Link : DOWNLOAD

Viber မှာမြန်မာ Sticker အသစ်လေးတွေ ထပ်မံဒေါင်းယူနိုင်ပါပြီ

Viber မှာမြန်မာ Sticker အသစ်လေးတွေ ထပ်မံဒေါင်းယူနိုင်ပါပြီ

( ARKAR )




Viber အသုံးပြုသူတိုင်းတွက် သတင်းကောင်းပါ။
Viber မှာ ဒီဇိုင်စုံတဲ့ We Love Myanmar မြန်မာ Sticker များကို Viber ရဲ့ Sticker Details တွင်အခုဘဲအခမဲ့ဒေါင်းယူနိုင်ပါပြီ။

တိုက်ရိုတ်ဒေါင်းယူချင်တယ် ဆိုရင်တော့အောက်ပါလင်ခ့်တွင်ရယူနိုင်ပါပြီ။
http://stickers.viber.com/pages/welovemyanmar_mm

မိမိ သူငယ်ချင်းများလည်း အသုံးပြုနိုင်အောင် Share သွားနိုင်ပါတယ်။
Viber မှာစုံလင်လှတဲ့ မြန်မာ Sticker တွေနဲ့ ပျော်ပျော်ပါးပါး အသုံးပြုနိုင်ပီပေါ့.../


Visit>>>http://www.swln.info/2016/01/welovemyanmarvibersticker.html

Facebook မှာ Video Auto Play ရင် ဘေလ်ကုန် မှာကြောက်သူများ အတွက် Off နည်း

Facebook Setting ထဲဝင်ပါ


AutoPlay ကို ရွေးပါ




Never AutoPlay သို့မဟုတ် Only Wifi ကို ရွေးနိုင်ပါသည်။






MPT အချင်းချင်း ငွေလွဲမယ်




ငွေလွဲ ရန် -

*223*လွဲမည့်ငွေပမာဏ*ငွေလက်ခံမည့် ဖုန်းနံပါတ်#

ဥပမာ -

*223*500*09250000234# 


တကြိမ်လွဲလျင် အနည်းဆုံး ၃၀၀ ကျပ်မှ စကာ လွဲနိုင်ပါသည်။


Ooredoo အချင်းချင်း ငွေလွဲ နည်း







ငွေလွဲ ရန် -

*155*လွဲမည့်ငွေပမာဏ*ငွေလက်ခံမည့် ဖုန်းနံပါတ်#

ဥပမာ -

*155*500*+959970000234# 


တကြိမ်လွဲလျင် အနည်းဆုံး ၅၀၀ ကျပ်မှ အများဆုံး ၅၀၀ ကျပ်အထိ လွဲနိုင်ပါသည်။ ငွေလွဲပီးသော အခါ သင်၏ ဖုန်းထဲတွင် ၁၀၀ ကျပ် အနည်းဆုံး ကျန်ရှိရပါမည်။

ငွေလွဲပြောင်းမှု လက်ခံမှုကို အကြိမ်ကန့်သတ်ချက် မရှိပဲ ပြုလုပ်နိုင်ပါသည်။


Where: 155 is service code, 500 is the 500 Ks credit amount to be transferred and +959970000234 is recipient’s phone number. 

You can send any amount of credit between 500 Ks and 5000 Ks at any one time. A minimum of 100 Ks should be left on your balance after the transfer transaction. 

You can send and receive an unlimited number of balance transfers per day from and to an unlimited number of customers. 


Telenor အချင်းချင်း ပိုက်ဆံ (ငွေ) လွှဲခြင်း



Telenor အချင်းချင်း ပိုက်ဆံ (ငွေ) လွှဲခြင်း




နည်းကတော့ (၂)နည်းရှိတယ် ….
E-Load နဲ့ Balance Transfer
E-Loadကတော့ဆိုင်သမားတွေပဲအကျုံးဝင်ပါတယ်….
အခုကျွန်တော် Telenor’s User အချင်းချင်း လွှဲတဲ့ Balance Transfer နည်းကို ပြောပြမယ်…..

၁။ Key Pad ကနေ *979# ကိုနှိပ်ပါ ….

၂။ ပေါ်လာတဲ့ Box မှာ 2.My Offers ဆိုတဲ့ “2” လို့ရိုက်ပါ …… OK နှိပ်ပါ ….

၃။ ပေါ်လာတဲ့ Box မှာ 4.Balance Transfer ဆိုတဲ့ “ 4” လို့ရိုက်ပါ ….. OK နှိပ်ပါ ….

၎။ ပေါ်လာတဲ့ Box ထဲမှာ ဖုန်းနံပါတ် (0979xxxxxxx) ထည့်ပါ …. OK နှိပ်ပါ ….

၅။ ပေါ်လာတဲ့ Box မှာ လွှဲမယ့် ငွေပမာဏ ထည့်ပါ ….. OK နှိပ်ပါ …..

၆။ နောက်ထပ် Box မှာ 1.Comfirm ဆိုတဲ့ “ 1” ကိုရိုက်ပါ …. OK…..

ငွေလွှဲပြီးပါပြီ ….

ငွေလွှဲခ က ၁၀၀၀ ကျပ်ကို ၅၀ ကျပ် ကျပါမယ် …